ဆွေးနွေးကြရာဝယ်…


ဒီစာလေးကို ကျွန်မ အရင်တုန်းကဖတ်မိခဲ့တဲ့ Voice ဂျာနယ်တစ်စောင်က ကူးယူထားတာပါ။ စာရေးဆရာတစ်ယောက်ရေးထားတဲ့ သူနိုင်ငံခြားမှာ ကျောင်းတက်တုန်းက တွေ့ ကြုံရတဲ့ ဆရာနဲ့ ကျောင်းသားတွေ အပြန်အလှန် မေးခွန်းမေး
ဖြေကြရာမှာ တွေ့ ကြုံရတဲ့ ဗဟုသုတကို မျှဝေထားတာကို ကြိုက်လို့ ကျွန်မ ကူးယူထားခဲ့တာ ကြာပါပြီ။

ငြင်းခုန်ဆွေးနွေးတာတွေနဲ့ ပက်သက်လို့ ဘယ်လို အတိုင်းအတာတွေနဲ့ ချဉ်းကပ်မလဲဆိုတာတွေအပေါ် ကျွန်မတို့ ပြောဆိုဆွေးနွေးတဲ့အခါမှာ လေ့လာသင့်တဲ့အယူအဆမို့ ပြန်လည်ကူးယူတင်ပြလိုက်ပါတယ်။
ရေးတဲ့ဆရာနာမည်ကို မေ့သွားလို့ ခွင့်လွှတ်စေချင်ပါတယ်။ ဆရာရေးထားတဲ့အတိုင်း
တပုံစံတည်းကူးချတာမဟုတ်ပဲ ဆရာ့ရဲ့ စာကိုအကျဉ်းချုပ်ပြီး ကိုယ့်ဘာသာကိုယ် Note မှာ ပြန်မှတ်ထားတဲ့ စာလေးပါ။
ငြင်းခုန်ဆွေးနွေးရာဝယ်…….ပညာရှင်ဆန်သည်မှာ…….

အရင်ဆုံး….ရှု့ ထောင့်ပေါင်းစုံက ကြည့်ပြီး ကိုယ်ကြိုက်တဲ့အယူအဆတစ်ခုကို
ငြင်းနိုင်ပါတယ်။..  အဲ့ဒီ့အယူအဆတွေကို နှိုင်းယှဉ်တင်ပြနိုင်ရန်လိုအပ်ပါသည်။
( ဘာကြောင့်လဲ Why? ဆိုတာ သေချာအောင် လုပ်ခဲဖို့ တော့လိုပါသည်။)

-အဲဒီ့မှာ ကိုယ့်အယူအဆကို သူများက So What? အဲဒီ့တော့ ဘာထူးသွားမှာလဲ ဆိုတဲ့
မေးခွန်း /မှတ်ချက်  အပြောမခံရစေဖို့ ကိုယ့်ဘက်က ပြင်ဆင်ရန်လိုအပ်ပါသည်။

-သူများဘက်က ကိုယ့်ကို So What?ဘာထူးသွားမှာမို့ လဲ မေးနိုင်သေးရင်/ မေးနိုင်ခဲ့ရင်
ကိုယ့်အယူအဆဟာ Big Idea/ Big Picture မဖြစ်လောက်တဲ့ အတွက် ဘာမှ
အရာထင်နိုင်မယ် မထင်ပါ။ ဒါကို ခိုင်လုံတဲ့ အနေအထားနဲ့ ပြန်မပြောနိုင်ခဲ့ရင်
ငြင်းခုံဆွေးနွေးမှုတွေမှာ ကိုယ်ဟာ အရာမရောက်သလို ဖြစ်သွားတက်တာမျိုးပါ။


နိုင်ငံခြားက ပညာရှင်တွေချည်းပဲ အရမ်းတော်ကြတာ မဟုတ်ပါဘူး ။ ကျွန်မတို့   မြန်မာစကားမှာ ရှိတဲ့ စကားကြီးဆယ်မျိုးကလည်း တကယ့်တကယ် အသုံးချတက်ရင် ပညာသားပါတာတွေ့ ရပါတယ်။ တကယ် ပညာရှင်ဆန်ဆန် ဆွေးနွေးတဲ့အခါမျိုးမှာ စကားကြီးဆယ်မျိုးဟာ အတုယူမှတ်သားဖွယ်အပြည့်ပါပဲ ။ စကားကြီးဆယ်မျိုးဟာ  နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တိုင်းပြည်သံတမန် အရေးအခင်းမှာကအစ တစ်ဦးတစ်ယောက်ချင်း စကားပြောဆိုငြင်းခုံဆွေးနွေးရာမှာတောင် အတော် အဓိပ္ပာယ် သက်ဝင်တဲ့ စကားကြီးတွေ ဖြစ်ပါတယ်။  ဆရာမင်းယုဝေရေးသားထားတဲ့ စကားကြီးဆယ်မျိုး ရုပ်ပြ စာအုပ်အပါးလေး ကျွန်မ၀ယ်ထားတာ ကြာပေမယ့် ပြန်ဖတ်လို့ မရိုးနိုင်တဲ့ စကားတွေပါ။ အချိန်ရရင် အားလုံးကို ဖတ်ရအောင် တင်ပေးချင်ပါမယ်။  သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ဝယ်ပေးမလို့ ဟိုးတခါထပ်သွားဝယ်တာ ကုန်သွားလို့ မရှိတော့ပါဘူး။ ဒါကြောင့် အချိန်ရရင် Scanner နဲ့ ကွန်ပြူတာ အဆင်ပြေတဲ့အချိန်ရရင် အင်တာနက်ပေါ်ကနေ အားလုံးဖတ်ရအောင် ကျွန်မ ebook လုပ်ပြီး မျှဝေပြီး တင်ပေးချင်ပါတယ်။

( ယောနိသော မနသီကာရ )
ခင်မင်လေးစားလျှက်
မြလေးသျှင်


7 comments on “ဆွေးနွေးကြရာဝယ်…

  1. မီးလေး
    အများကြီးတော်တယ်
    မီးလေး ကပညာရှင်ဆန်တယ်ဆိုတာကို ဆရာပြောတာ မှတ်ထားတာပေါ့ ဘယ်ဆရာလည်းတော့သိဘူးနော်
    ကျတော်မောင်လေးတိုးလည်း မြတ်စွာဘုရားဟောထားတာမှတ်ထားဘူး တယ် မိလ္လိနွ ပညာမှာ ပါမယ်ထင်တယ် နောက်တခုက အင်္ဂုတ္တိုရ် တိကနိပါတ် ထည်းမှာလည်း ကထာ ၀တ္ထုသုတ်ဆိုပြီး ပါပါသေးတယ် အသေးစိတ်တော့
    မှတ်မိသလောက်တော့ ပြန်ပြောပြမယ်နော် မီးလေး ကို ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး
    အဓိက အချက်ကတော့ ပညာရှိသူတော်ကောင်းတို့ ရဲ့ ဆွေးနွေးခြင်းဆိုတာတဲ့ သိခြင်း ကြည်ညိုခြင်း အကျိုးဌာ ဖြစ်စေရမယ်လို့ မြတ်စွာဘုရားက ဆုံးမပါတယ် ဆွေးနွေးမှုမှာတော့
    နံပါတ်တစ် ပညာရှိသည် မဆန့် ကျင်မထောင်လွှားဘဲ ဆွေးနွေးသင့်တယ်တဲ့
    နံပါတ် နှစ်က ပညာရှိသည် မပျံ့ လွင့်သောစိတ်ဖြင့်ဆွေးနွေး၇မယ်တဲ့
    နံပါတ်သုံးက ဂုဏ်မပြိုင် နိုင်ထက်စီးနင်း မပြုကျင့်ဘဲ ဆွေးနွေးသင့်တယ်တဲ့
    နံပါတ်လေးက ငြူစုခြင်း မရှိဘဲ ဆွေးနွေးသင့်တယ်တဲ့
    နံပါတ် ငါးကတော့ ကောင်းစွာသိ၍ သာဆွေးနွေးသင့်တယ်တဲ့
    နံပါတ် ခြောက် သူတပါးကို ချုပ်ချယ် စောင်းမြောင်းခြင်းမပြုရဘူးတဲ့
    နံပါတ် ခုနှစ်က ဆွေးနွေးဘက်ဟာချွတ်ချော်မှားယွင်းခဲ့၇င်လည်း အပြစ်မယူသင့် မလှောင်ပြောင်ဘဲ ဆွေးနွေး၇မယ်တဲ့
    နံပါတ် ဂှစ်က ပါဠိပါဠ်သား သို့ မဟုတ် ဆွေးနွေးဘက် နားမလည်နိုင်တဲ့ ဘာသာစကားတွေ ရွတ်ပြီး မဆွေးနွေးသင့်ပါဘူးတဲ့
    နံပါတ်ကိုးက အကြောင်းပြပြီးလည်း ဖိနှိပ်ခြင်းကို မပြုရဘူးတဲ့
    နံပါတ်တစ်ဆယ်က အမှန်အမှားရောထွေးတဲ့ စကားကို မပြောသင့်ဘူးလို့  မြတ်စွာဘုရားဟောခဲ့ပါတယ် မီးလေး
    ဒါတွေအပြင် ဆွေးနွေးသင့်တဲ့ ပုဂိုလ် နဲ့ မဆွေးနွေးသင့်တဲ့ ပုဂိုလ်ပါ မြတ်စွာဘုရားက အတိအကျ ပြောသွားပါသေးတယ် မီးလေးစိတ်ဝင်စားရင်ပြောပြမယ် သိလို့ တတ်လို့ တော့ဟုတ်ဘူး ဖတ်ဘူးလို့ မှတ်မိနေတာ
    ကျေးဇူးနော် ညတိုင်းလာဖတ်မယ် နေ့ တိုင်းအသစ်တင် ဒါဘဲ

    • ဟုတ်ကဲ့…..ဦးတိုးဆီက ဆွေးနွေးတဲ့စာတွေကို ပြန်မှတ်သားသွားပါတယ်…ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ်နဲ့ မဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ် ကို ထပ်ပြောပြပေးပါနော်….မှတ်သားချင်လို့ ပါ…..
      ဦးတိုးက အရမ်းတော်လိုက်တာ
      နောက်လည်း ပြောပြနော်…ကျေးဇူးတင်ပြီး welcome ပါရှင့်

  2. သိချင်မှ ပြောပြမှာနော်တော်ကြာ “ ရှင် ကျမ ကိုဆရာကြီးလာမလုပ်နဲ့ ကျမသိပြိးသားတွေ” ဆို မာတီမှာ လာအော်မှာဆိုလို့ ဆက်မပြောသေးတာ သိချင်တယ်ဆိုရင်တော့ ဆက်ပြောပြမယ်နော်

  3. ဟုတ်မီးလေး
    အကုန်တော့ မှတ်မိဘူး
    မှတ်မိသလောက်ရေးကြည့်လိုက်မယ် အဲဒီဘုရားစာအုပ်လိုက်ရှာလည်းမတွေ့ လို့  တွေ့ တဲ့အခါကျမှ အပြည့်အစုံတင်ပေးပါ့မယ်
    အဓိက မှတ်မိနေတာကတော့ မဆွေးနွေးသင့်တဲ့ ပုဂိုလ်ပါ မြတ်စွာဘုရားက ဒီလိုပုဂိုလ်တွေနဲ့ မဆွေးနွေးပါနဲ့ လို့ မှာခဲ့ပါတယ်
    နံပါတ်တစ်က ပြဿနာကိုမေးတဲ့အခါ တိုက်ရိုက်ဖြေဆိုရမယ့် ပြဿနာမျိုးဖြစ်ပါလျှက်နဲ့  တိုက်ရိုက်မဖြေတဲ့ ပုဂိုလ်မျိုး
    နံပါတ် နှစ်က ဝေဖန်ပိုင်းခြားပြီး ဖြေဆိုရမယ့် ပြဿနာမေးခွန်းမျိုးဖြစ်ပါလျှက် ဝေဖန်ပိုင်းခြားပြီး မဖြေတဲ့  ပုဂိုလ်မျိုး
    နံပါတ် သုံး က ပြန်လှန်မေးခွန်းမေးပြီး ဖြေဆိုရမယ့် ပြဿနာမျိုးကိုလည်း ပြန်လှန်မေးခွန်း မမေးတတ်ဘူး
    နံပါတ်လေး တချို့ ပြဿနာကိုမေးလိုက်တဲ့အခါ အကြောင်းဟုတ်သည် မဟုတ်သည် ကိုလည်း မကြည့်တတ်တဲ့ ပုဂိုလ်တဲ့
    နံပါတ် ငါး က ကြံဆ အပ်သောအရာကိုလည်း မကြံဆတတ်သောပုဂိုလ် တဲ့
    နံပါတ် ခြောက် ကကိုယ်သိထားရမယ့် ၀ါဒ အကြောင်းကိုလည်း သေချာမသိတဲ့ ပုဂိုလ်မျိုး
    နံပါတ် ခုနှစ်က ဖြေဆိုသူတို့ ၏ ကျင့်ဝတ်မှာလည်း မတည် တဲ့ ပုဂိုလ်
    နံပါတ် ရှစ် ပြဿနာ အမေးပုစ္ဆာမေးလိုက်တဲ့အခါ စကားတခုကို တခြားစကားတခုခု နဲ့ ( စကားလမ်းကြောင်းလွှဲ ပြီး) ဖုံးကွယ်တတ်တဲ့ ပုဂိုလ်
    နံပါတ် ကိုး မေးတဲ့ အမေးပုစ္ဆာပြဿနာနဲ့ မဆိုင်ဘဲ တခြားစကားတွေကိုလွှဲပြီး ကိုယ်မေးတဲ့ မေးခွန်းကို ပြစ်ပယ်ထားတဲ့ ပုဂိုလ်မျိုး
    နံပါတ် တစ်ဆယ် ပြဿနာမေးခွန်းတခုကိုမေးတဲ့အခါ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်ဖွယ် အမူအယာကို ထင်ရှားစွာ ပြတတ်သော ပုဂိုလ်
    နံပါတ် တစ်ဆယ်တစ် ပြဿနာကိုမေးလိုက်တဲ့အခါ ပါဠိ ပါဠ် သားတွေ နားမလည်တဲ့ ဘာသာစကားတွေနဲ့ ရွတ်ပြပြီး တဘက်သားကို အထင်သေးလွမ်းမိုးတတ်တဲ့ ပုဂိုလ်
    နံပါတ် တစ်ဆယ်နှစ် အကြောင်းအမျိုးမျိုးပြပြိး လျှောင်လွဲခြင်း ဖိနှိပ်ခြင်း ပြုတတ်တဲ့ ပုဂိုလ်
    နံပါတ် တစ်ဆယ်သုံး အမေးပြဿနာကို တချို့ သူတွေက တတ်ယောင်ကားနဲ့ မေးသူရဲ့ စိတ်ထည်းမှာ သံသယ ဖြစ်သွားအောင် ဟားတိုက်၇ယ်မောလှောင်ပြောင်တတ်တဲ့ ပုဂိုလ်မျိုး
    နံပါတ တစ်ဆယ်လေး မေးခွန်းပိုင်ရှင်ရဲ့ အနည်းငယ်သော မှားယွင်းချွတ်ချော်မှု ကိုအမှားဖမ်းတတ်တဲ့ ပုဂိုလ်မျိုးကို မဆွေးနွေးသင့်ဘူးလို့ မြတ်စွာဘုရားက ဟောပါတယ် ဆွေးနွေးသင့်တဲ့ ပုဂိုလ်တွေကတော့ အဲဒီအချက်တွေနဲ့ ဗြောင်းဗြန်ဘဲ ယူလိုက်တော့ သေချာမမှတ်မိတော့ဘူး အဲဒီစာအုပ်တွေ့ လို့  ပြန်ဖတ်ပြီးမှ လာရေးတော့မယ်နော် အကုန်မမှတ်မိခြင်းအတွက် နားလည်ခွင့်လွှင့်ပေးပါ မီးလေးကို ကျေးဇူးတင်ပါသည်

    • တကယ် အများကြီး စေတနာထားရေးပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ….
      အဲလောက် သတ်မှတ်ချက်တွေဆိုရင် ဆွေးနွေးမယ့်လူ အတော် ရှားသွားပြီ ဦးတိုးရေ…
      အချက်အရမ်းများတယ်နော်….ဟုတ်တော့လည်းဟုတ်ပါတယ်…..ဆင်ခြင်သင့်တာပေါ့

      • ဟုတ်ပ
        ခုဆွေးနွေးစရာ မရှိလို့ ဘယ်သူနဲ့ မှ ဆွေးနွေးတော့ဘူး ဟဟဟ
        ကောင်းဘူးလားအဲဒါ

  4. နံပါတ်ခြောက်က ပြန်မပြင်တတ်လို့  စာလုံးနဲနဲလေးကျန်သွားလို့ 
    နံပါတ်ခြောက် အမေးပုစ္ဆာနဲ့ ပတ်သက်ပြီး ကိုယ်သိထား၇မယ့် ၀ါဒ သို့ မဟုတ် အကြောင်းအရာကို သေချာမသိထားတဲ့ ပုဂိုလ် မျိုးလို့ ပြင်ဆင်ဖတ်ရှုပေးပါနော်

Leave a comment