၂၀၁၁ က ရိုက်ခဲ့သော ဓာတ်ပုံများ
ကျွန်မရိုက်ခဲ့တဲ့ 2011 ဓာတ်ပုံတွေထဲမှာ တချို့ ဓာတ်ပုံတွေက သဘာဝအတိုင်းပါသလို တချို့ ပုံတွေက လိုအပ်ရင် effect တွေထည့်ထားပါတယ်..
ဓာတ်ပုံတွေက အများကြီးရိုက်ခဲ့ပေမယ့် စိတ်တိုင်းမကျခဲ့တဲ့ ဓာတ်ပုံတွေလည်း ရှိပါတယ်..နည်းနည်း.ကောင်းမယ်ထင်တဲ့ ဓာတ်ပုံတချို့ ကို စုစည်းပြီး ၂၀၁၁ COLLECTION ဆိုပြီး စုစည်းလိုက်ပါတယ်… ဘုရားစေတီပုံများကိုတော့ နောက်ထပ် စုစည်းထားပါတယ်..။
ဝါသနာရှင်အဆင့် ဓာတ်ပုံရိုက်တာမို့  လိုအပ်သည်များ တွေ့ ရှိလို့  ပြောကြားခဲ့ရင် လုံးဝ လုံးဝ စိတ်မဆိုးပါ…
ကျေးဇူးတောင် တင်ပါအုံးမည်…။
ON AIR! လေပေါ်မှာပေါ့..
ဒီပုံက ရန်ကုန်က တိုင်းရင်းသားကျေးရွာ ရခိုင်အိမ်ဘက်မှာ ရိုက်ခဲ့တာပါ…
ရိုက်တုန်းက ရေတွင်းကိုပဲ ရိုက်မလို့ …ကြည့်လိုက်တော့ ကောင်းကင်ရော..သစ်ခက်တွေရော….ရေတွင်းရော…အကုန်ပါသွားတယ်..
ဒီပုံက ရန်ကုန်က တိုင်းရင်းသားကျေးရွာမှာ မန်းလေးဘက် နောက်ခံက ရိုက်ခဲ့တာပါ…
ဒီပုံက တိမ်တွေတောက်နေတဲ့ မနက်ခင်းတစ်ခုမှာ ရိုက်ခဲ့တာပါ
ဒီပုံက ရွှေတိဂုံဘုရား မှာပါ
ဒီပုံက ပရိဘောကပြပွဲတစ်ခုမှာ သစ်သားဘက်စ်စကား ခေါ် စစ်ကျန်ကားလေးတွေပုံ တွေ့ လို့ ကြိုက်လို့ ရိုက်ခဲ့တာပါ..
ဒီပုံကတော့ ရန်ကုန်က ကြိုးတံတားဘက်မှာ အမြန်ရိုက်တုန်း ကွယ်သွားပေမယ့် ပန်းချီကားတစ်ချပ်နဲ့ တူသွားတဲ့ ဓာတ်ပုံလေးပါ..
ဒီပုံကတော့ နေ၀င်ဆည်းဆာပါ..တိမ်တွေ ပုစွန်ဆီရောင် လှလှပပ တောက်ပနေတုန်း လှတုန်းရိုက်ခဲ့မိပါတယ်
ဒီပုံရိုက်တုန်းက နေသာနေတဲ့အချိန် ကောင်းကင်မှာ တိမ်တွေနဲ့ အရမ်းလှပါတယ်..အိမ်ဘေးက တိုက်ကြီးဆောက်နေတုန်း အောက်ကနေ ပင့်ရိုက်ခဲ့တာပါ…
ငှက်ဆိုတာက ပျံရင်းသေ…ဆိုတဲ့စကားကို သွားသတိရမိသလိုပါပဲ..
နေ၀င်ချိန်မှာ ကင်မရာကို စောင်းရိုက်ကြည့်ခဲ့တာပါ…
ဒါလည်း နေ၀င်ချိန်ပါပဲ…တမျိုးလှလို့ ရိုက်ခဲ့တာပါ…
လမင်းကြီးက ညနေတိမ်အပြာရောင်တွေရှိနေသေးတဲ့အချိန် မမျှော်လင့်ဘဲ ထွက်လာတဲ့အချိန်မှာ ရိုက်ခဲ့တာပါ…
ဒီပုံကတော့ တိုက်တွေရဲ့ အလယ် နီယွန်မီးများကြားက တောက်ပနေချိန်…သဘာဝအလင်းရောင်ဖြစ်တဲ့ လမင်းက လခြမ်းသေးသေးလေးပဲ ရှိနေတဲ့အချိန်…တစ်ခုခုကို နှိုင်းယှဉ်ချင်လို့ ပါ..
ဒီပုံစရိုက်တဲ့အချိန်က Angry Birds တွေ အတော်ခေတ်စားပါတယ်..ကျွန်မလည်း မဆီမဆိုင် အရုပ်တွေကြိုက်မိပြီး ကီးချိန်းတွေ Correction Pen တွေက အစ သေးသေးပိစိကွေးတွေ ၀ယ်ဖြစ်ပါတယ်…အဲဒီ့ကောင်လေးတွေကို ကျွန်မဆွဲထားတဲ့ ပန်းချီကား ပေါ်မှာ တင်ရိုက်ဖြစ်ခဲ့တယ်..
ဒီပုံထဲမှာတော့ အုတ်ခဲအပဲ့တွေကြားထဲက ၀ါဝါထိန်ထိန် ပန်းကလေးတစ်ပွင့်ကို တွေ့ နိုင်ပါတယ်…
ဒီပုံလေးကတော့ မြန်မာနိုင်ငံရဲ့ အမှတ်အသားတွေကို တွေ့ မြင်နိုင်ပါတယ်…
သစ်ပင်တစ်ပင်
လူတစ်ယောက်
ကျောက်ခဲတစ်လုံးကသာ စကားပြောတက်မယ်ဆိုရင် ….
ကျွန်မသိပ်ကြိုက်တဲ့ ဘွန်ဆိုင်းသစ်ပင်ပြပွဲထဲက သစ်ပင်နဲ့ ကျောက်စရစ်ခဲလေးကို ရိုက်ခဲ့တာပါ..
Artist by : Joey Minn-Din Gallery 65 Presents “TREE-MENDOUS LOVE” Bonsai & Plant Art Exhibition
onArtist by : Joey Minn-Din @ Gallery 65
ဒီပုံလေးကတော့ မနက်ခင်းအစ နေထွက်ချိန်မှာ ရိုက်ခဲ့တာပါ..
ကျွန်မဟာ ဓာတ်ပုံရိုက်တာကို ၀ါသနာပါမှန်း မသိ ပါခဲ့ပါတယ်…
ပန်းချီဆွဲတာက အရင်ဝါသနာပါခဲ့မှန်း မူလတန်း အလယ်တန်းကျောင်းသူဘ၀က စတင် သတိပြုခဲ့ပေမယ့်..ဓာတ်ပုံကိုတော့ ဘွဲ့ ရပြီးနောက်ပိုင်း ဒစ်ဂျစ်တယ် ကင်မရာလေးတစ်လုံး လက်ထဲမှာ အပျော်တမ်း ကိုင်ရိုက်ဖြစ်တော့မှ ၀ါသနာပါခဲ့မှန်း ပိုသိသာလာခဲ့ပါတယ်…
အခုထက်ထိ အပျော်တမ်း ရိုက်တာ ၀ါသနာပါသူမို့  တကယ့် Professional ကြီးတွေလို့ ခေါ်တဲ့ ကြေးစား သို့  အဆင့်မြင့် ဓာတ်ပုံဆရာကြီးများလိုတော့ လှလှပပ မရိုက်နိုင်ခဲ့ပါ..
သို့ ပေမယ့် ၀ါသနာအလျောက် လျှောက်ရိုက်ခဲ့သည်များကို ခုနှစ်အလိုက် စုဆောင်းဖို့  အကြံရလာခဲ့ပါတယ်…ဒါကြောင့် မျက်စိအပင်အပန်းခံပြီး ကြည့်ပေးကြပါကုန်….
ဓာတ်ပုံတွေမှာ နာမည်ရေးတဲ့အခါမှာ Sign တစ်ခုခုတော့ ထည့်တက်ကြပါတယ်..
ကျွန်မလည်း ကျွန်မသဘောကျတဲ့ Flying^A^ ဆိုတဲ့ နာမည်ကို ကျွန်မရိုက်တဲ့ ဓာတ်ပုံတွေမှာ သင်္ကေတအဖြစ်အမြဲထည့်လေ့ရှိပါတယ်။
လေးစားလျှက်
Flying^A^
@
မြလေးသျှင်
ဓာတ်ပုံပြပွဲ ရိုက်ချက်များ
ပြီးခဲ့တဲ့ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံဓာတ်ပုံအသင်း နှစ်ခြောက်ဆယ်ပြည့် ပြပွဲဓာတ်ပုံများ ဖြစ်ပါသည်။
ဒီဓာတ်ပုံတွေက တဆင့်ရိုက်တာဆိုတော့ အမြင်ကို ပ၀ါခြားသလိုတော့ နည်းနည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ဓာတ်ပုံရိုက်တာ အရင်ကတည်းက ၀ါသနာပါတာဆိုတော့ ပိုပြီး သဘောကျမိပါသည်။
မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေ ကြိုက်လို့  ထပ်ဆင့်မျှဝေလိုက်ပါသည်။
မြလေးသျှင်
ကာရန်မညီတဲ့ ဓာတ်ပုံများ
ညဘက်အလင်းမဲ့တဲ့အချိန်မှာ ရိုက်လိုက်တဲ့အခါ ဓာတ်ပုံတွေက မထင်မှတ်ပဲ အလင်းတန်းတွေဖြတ်သန်းသွားပါတယ်။
ဒါပေမယ့် မျက်စိထဲမှာတော့ တမူထူးပြီး လှနေတဲ့ပုံတွေဖြစ်သွားပါတယ်။
ပန်းချီဆန်သလိုလိုနဲ့ အလင်းတွေဖြာနေတဲ့ပုံတွေ တွေ့ ရပါတယ်။
ကွာခြားနေတဲ့လ ကဗျာရဲ့  ဓာတ်ပုံမူရင်းပါ
မထင်မှတ်ပဲ ရခဲ့တဲ့အလင်းတန်းတွေဖြတ်သန်းသွားတဲ့ ကွာခြားနေတဲ့လ ဓာတ်ပုံမူရင်းပါ 
လရောင်လွှမ်းတဲ့ နှလုံးသား
ကွာခြားနေတဲ့လကို ရိုက်နေတုန်းမှာ
နှလုံးသားပုံဖြစ်သွားတာပါ။
လူတိုင်းရင်ဘက်ထဲမှာနှလုံးသားရှိတာမြင်ကြပေမယ့် လရောင်ပေါ်က နှလုံးသားကို
လူတိုင်းမြင်ချင်မှလည်း မြင်မှာပါ။
လရောင်ဆန်းတဲ့မေးခွန်း
ကွာခြားနေတဲ့လကို ရိုက်တဲ့အခါ ပုံစံအမျိုးမျိုးထွက်သွားပါတယ်။
ဓာတ်ပုံအတိုင်း ဘာမှမပြင်ပဲ တင်ထားလိုက်တာပါ။
အကယ်၍ များ တစ်ယောက်ယောက်များ မေးခွန်းထုတ်လာရင်တော့ ဒီပုံလေးက အတော်အသုံးဝင်မှာပါ။ လရောင်ဆန်းသွားတဲ့ မေးခွန်းလေးပါ။
ပန်းချီဆန်တဲ့ ဓာတ်ပုံပါ။
ဓာတ်ပုံတွေ အခုပြန်ရှာကြည့်တဲ့အချိန်မှာ တွေ့ လိုက်လို့ တင်လိုက်တာပါ။
ဒီပုံကို ဘယ်မှာရိုက်ထားမှန်း ကိုယ်တိုင်တောင် မမှတ်မိတော့ပါ။ 
လေးစားလျှက်
ယောနိသောမနာသီကာရ
မြလေးသျှင်
လရောင်ကို ဖမ်းစားခြင်း
ပုံလေးကို လရောင်ကို ဖမ်းစားခြင်း လို့ နာမည်ပေးထားပါတယ်။
ပုံကို ဘာမှပြင်ဆင်ထားခြင်းမရှိပဲ သူ့ သဘာဝအတိုင်း တင်ထားပါတယ်။
လရောင်ကို ဖမ်းစားဖို့ ကျွန်မမှာ ခွန်အားမရှိပါ။ ဓာတ်ပုံပညာ အလင်းအမှောင် တွေလည်း နားမလည်ပါ။ သို့ ပေမယ့် ကျွန်မ စိတ်ကူးနဲ့ ရိုက်ကြည့်ချင်တဲ့ ဆန္ဒနဲ့ လရောင်တစ်စုံကို ဖမ်းယူမိပါတော့တယ်။
ပုံ (၁) ဒီပုံလေးကတော့ လရောင်ကို ခံစားကြည့်မိပြီး ရိုက်ထားတာပါ။
ပုံ (၂) ဒီ ဒုတိယပုံလေးကိုတော့ လ နှစ်လုံးထွက်နေလား ထင်အောင် ရိုက်ကြည့်တာပါ။ ဒါပေမယ့် ကျွန်မရိုက်တာ ညံ့သွားလို့ သူ့ နဂိုပုံလေး ထွက်ခါနီးပုံလေးပါ။
ပုံ (၃)  ဒီပုံမှာတော့ လ မဟုတ်တာ ထင်ရှားသွားပါပြီ… ရူ့ ထောင့်အမျိုးမျိုးကနေ ရိုက်ကြည့်လိုက်တာပါ။
ဒီပုံလေးတွေကို 3.1.2010 ရက်နေ့ က ဗိုလ်တစ်ထောင်ဆိပ်ကမ်းဘက်မှာ သူငယ်ချင်းတွေနဲ့ ရောက်တုန်းက ညနေဘက်ရူခင်းအနေနဲ့  ခံစားပြီး ရိုက်ကြည့်တာပါ။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်